ကျွန်တော် ဒီနေ့ပြောပြမဲ့အကြောင်းအရာကတော့ firewalld service ကို Linux CentOS 7 မှာ ဘယ်လို install & configure လုပ်မလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ကဲ ဒါဆိုစလိုက်ရအောင်
မစခင်မှာ Linux မှာသုံးခဲ့တဲ့ build in firewall တွေအကြောင်းပြောကျရအောင် ၊ ကျွန်တော်တို့ Linux CentOS 6 , Red Hat 6 တွေမှာ firewalld ဆိုတဲ့ service မပါပါဘူး iptables ဆိုတဲ့ service ကိုသာ အသုံးပြုခဲ့ကျတာပါ . အခု Version 7 နဲ့ 8 မှသာ firewalld service ကို အသုံးပြုလို့ ရတာပါ အဲ့တစ်ချက်ကိုတော့ သိထားမှရမှာပါ ။ Version 7 နဲ့ 8 အသုံးပြုနေတဲ့ သူတွေအတွက် သီးသန့် install လုပ်စရာမလိုပါဘူး Build in ပါလာပီးသားပါ
Firewalld service ကို အသုံးပြုပီး ကို့ရဲ့ server မှာ ဘယ် port ကိုတော့ allow လုပ်မယ် မလုပ်ဘူး ၊ ဘယ် service ကိုတော့ add မယ် မ add ဘူး ဆိုပီး rules တွေနဲ့ define လုပ်ပီး ကာကွယ်လို့ရပါတယ်။ Security point of view ကကြည့်မယ်ဆိုရင်လည်း သုံးကိုသုံးသင့်ပါတယ်။
အသုံးပြုလို့ရမဲ့ နည်းလမ်းတွေကို တော်ကီဖုတ်ပီး ပီဆိုတော့ ဘယ်လို config လုပ်မလဲကြည့်ရအောင်ပါအရင်ဆုံး ထုံးစံအတိုင်း service install လုပ်ထားမထား စ စစ်ပါမယ်
rpm –qa firewalld command နဲ့ စစ်ကြည့်ပါ ။ စစ်ကြည့်လို့ install လုပ်ထားရင် ဒီလိုပြပါလိမ့်မယ်
မရှိရင်တော့ yum install firewalld –y ဆိုပီး install လုပ်လိုက်ပါ ။ Firewalld service ကို install လုပ်ပီးသွားရင် service start and enable လုပ်ပေးရပါမယ် ။ [ systemctl start firewalld , systemctl enable firewalld ] command ကို ရိုက်လိုက်ပါ။ [ systemctl status firewalld ] command နဲ့ ပြန် check ကြည့်ပါ ။
Part 1 မှာတော့ Installation လုပ်တာနဲ့ firewalld service ကို start လုပ်တာ enable လုပ်တာနဲ့ အဆုံးသတ် လိုက်ပါမယ် နောက် အပိုင်းတွေမှာ တစ်ခြားသိထားသင့်တဲ့ အရာလေး တွေနဲ့ config လုပ်တာလေးတွေ ထက် share ပေးပါမယ်။
I hope you like it and see you in the next article.