# Firewalld in CentOS7 Part 1

ကျွန်တော် ဒီနေ့ပြောပြမဲ့အကြောင်းအရာကတော့ firewalld service ကို Linux CentOS 7 မှာ ဘယ်လို install & configure လုပ်မလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ကဲ ဒါဆိုစလိုက်ရအောင်

မစခင်မှာ Linux မှာသုံးခဲ့တဲ့ build in firewall တွေအကြောင်းပြောကျရအောင် ၊ ကျွန်တော်တို့ Linux CentOS 6 , Red Hat 6 တွေမှာ firewalld ဆိုတဲ့ service မပါပါဘူး iptables ဆိုတဲ့ service ကိုသာ အသုံးပြုခဲ့ကျတာပါ . အခု Version 7 နဲ့ 8 မှသာ firewalld service ကို အသုံးပြုလို့ ရတာပါ အဲ့တစ်ချက်ကိုတော့ သိထားမှရမှာပါ ။ Version 7 နဲ့ 8 အသုံးပြုနေတဲ့ သူတွေအတွက် သီးသန့် install လုပ်စရာမလိုပါဘူး Build in ပါလာပီးသားပါ

Firewalld service ကို အသုံးပြုပီး ကို့ရဲ့ server မှာ ဘယ် port ကိုတော့ allow လုပ်မယ် မလုပ်ဘူး ၊ ဘယ် service ကိုတော့ add မယ် မ add ဘူး ဆိုပီး rules တွေနဲ့ define လုပ်ပီး ကာကွယ်လို့ရပါတယ်။ Security point of view ကကြည့်မယ်ဆိုရင်လည်း သုံးကိုသုံးသင့်ပါတယ်။

အသုံးပြုလို့ရမဲ့ နည်းလမ်းတွေကို တော်ကီဖုတ်ပီး ပီဆိုတော့  ဘယ်လို config လုပ်မလဲကြည့်ရအောင်ပါအရင်ဆုံး ထုံးစံအတိုင်း service install လုပ်ထားမထား စ စစ်ပါမယ်

**rpm –qa firewalld** command နဲ့ စစ်ကြည့်ပါ ။ စစ်ကြည့်လို့ install လုပ်ထားရင် ဒီလိုပြပါလိမ့်မယ်

![](https://cdn.hashnode.com/res/hashnode/image/upload/v1682649334918/cf018203-3dbd-44db-8abc-fc4e9f09936c.png align="center")

မရှိရင်တော့ yum install firewalld –y ဆိုပီး install လုပ်လိုက်ပါ ။ Firewalld service ကို install လုပ်ပီးသွားရင် service start and enable လုပ်ပေးရပါမယ် ။ \[ **systemctl start firewalld** , **systemctl enable firewalld** \] command ကို ရိုက်လိုက်ပါ။ \[ **systemctl status firewalld** \] command နဲ့ ပြန် check ကြည့်ပါ ။

![](https://cdn.hashnode.com/res/hashnode/image/upload/v1682649367444/ac45842c-93b6-4ac0-b25d-77fa5590bade.png align="center")

![](https://cdn.hashnode.com/res/hashnode/image/upload/v1682649381105/3467c274-f3c0-41b0-b207-0c207f58ea19.png align="center")

Part 1 မှာတော့ Installation လုပ်တာနဲ့ firewalld service ကို start လုပ်တာ enable လုပ်တာနဲ့ အဆုံးသတ် လိုက်ပါမယ် နောက် အပိုင်းတွေမှာ တစ်ခြားသိထားသင့်တဲ့ အရာလေး တွေနဲ့ config လုပ်တာလေးတွေ ထက် share ပေးပါမယ်။

I hope you like it and see you in the next article.
