ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ Linux EC2 instance တစ်လုံးကို putty ကနေ ဘယ်လို access လုပ်သွားမလဲဆိုတာ ကို ပြောပြပါမယ်။
Putty ဆိုတာဟာ Infrastructure ဘက်ကဖြစ်တဲ့ Network Engineer တွေ System Engineer တွေ Firewall Engineer တွေအတွက် နေ့စဥ် အသုံးပြု နေရတဲ့ ssh client software ဖြစ်လို့ မထူးဆန်းပေမဲ့ Developer တွေ အတွက် အကျွမ်းတဝင် ဖြစ်မှာတော့မဟုတ်ဘူးဗျ။ အဓိက ဒီ tutorial ရဲ့ ရည်ရ္ွယ်ချက်က သူတို့ ကို သိစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ရေးလိုက်တာပါ။ ဘယ်လို Developer တွေသိသင့်လဲဆိုရင် EC2 instance ကို သုံးပီး website တွေ application တွေ development လုပ်နေရတဲ့ သူတွေ သိသင့်တယ်လို့ ထင်ပါတယ်။ ကဲအဲ့ဒါဆိုရင် demo လေးဘက် တစ်ချက်သွားရ အောင်ပါ။
အရင်ဆုံး putty ကို down လိုက်ပါ။ ဒီ link ကနေ down လို့ရပါတယ် ( https://www.chiark.greenend.org.uk/~sgtatham/putty/latest.html ) 64 bit လား 32 bit လားဆိုတာ ကို့စက်ရဲ့ archi ပေါ်မူတည်ပီး Down ပီး install လုပ်ပါ။ Install လုပ်ပီးသွားရင် putty app ကိုဖွင့်လိုက်ပါ။
Application တက်လာရင် Host name or IP address နေရာမှာ ကျွန်တော်တို့ရဲ့ remote ဝင်မဲ့ Instance ရဲ့ public ip ကိုထည့်လိုက်ပါ၊ ပီးသွားရင် Connection အောက်က SSH အောက်က Auth အောက်က Credentials tab ထိသွားပီး သွားရင် private key file for authentication နေရာမှာ browse ကိုနှိပ်ပီး ကို့ laptop ထဲမှာ down ထားတဲ့ instance ရဲ့ .ppk extension နဲ့အဆုံးသတ်တဲ့ private key file ကို ထည့်လိုက်ပါ။
ပီးသွားရင် Session အောက်က save sessions tab အောက်မှာ အခု ssh remote session အတွက် သင့်တော်တဲ့ နာမည် တစ်ခုပေးလိုက်ပါ။ ကျွန်တော်ကတော့ demosvr ဆိုပီး ပေးလိုက်ပါတယ်။ save sessions လုပ်ထားတဲ့ရည်ရွယ်ချက်က နောက်တစ်ခါ putty ကိုသုံးပီး remote ဝင်တဲ့အခါမှာ remote ဝင်မဲ့ server ရဲ့ public ip ကဘာ private key file ကဘယ်နေရာမှာ ဆိုပီး ထပ်ခါထပ်ခါ ဝင်တိုင်း ပြန်မညွှန်းချင်တော့လို့ bookmark သဘောမျိုး မှတ်ထားလိုက်တာပါ။
အဲ့နေရာမှာ ကျွန်တော်တို့ Accept ဆိုတာကို ရွေးပေးရပါမယ်။
default user name ဖြစ်တဲ့ ec2-user ကို ထည့်ပေးရပါမယ်။ ထည့်ပီးသွားရင် တော့ အပေါ်က ပုံအတိုင်းချိတ်လို့ရသွားကို တွေ့ရပါလိမ့်မယ်။ ကဲအဲ့ဒါဆိုရင် ကျွန်တော် တို့ EC2 Instance ထဲကို ssh နဲ့ remote access login ဝင်လို့ ရပါပီ။ EC2 ရဲ့ security group မှာ Inbound rule ထဲမှာ ssh port 22 ကို allow လုပ်ပေးဖို့ မမေ့ပါနဲ့ ။ ဒီနေ့ ဒီ lab လေးကို ဒီနားမှာပဲ အဆုံးသတ်ပါရစေ။နောက်နေ့တွေမှာလည်း ပိုမိုကောင်းမွန်တဲ့ Demo lab တွေနဲ့ အတူပြန်လာခဲ့ပါမယ်။