How to install Jenkins on AWS EC2?

I'm Zin Lin Htet. Who love to learn and share about Linux, Cloud, Docker and K8s. Currently working as a DevOps Engineer at one of the famous Fintech Company in Myanmar.
ကျွန်တော် ဒီနေ့ sharing လုပ်ပေး ချင်တဲ့ အကြောင်းအရာကတော့ Jenkins server ကို EC2 ပေါ် မှာဘယ်လို Install လုပ်ပီး သုံးမလဲ ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ EC2 ပေါ်မှာ မှ မဟုတ်ပါဘူး VMware workstation ပေါ် မှာကော Oracle virtual box မှာပါ Installation လုပ်လို့ ရပါတယ်။
ဆိုတော့ ကျွန်တော် တို့ Install မလုပ်ခင်မှာ Jenkins အကြောင်း အနည်းအကျဥ်း ပြောကျရအောင်ပါ။ Jenkins ကို ကျွန်တော်တို့ CI/CD automation tool တစ်ခုအနေနဲ့ အသုံးပြု ကျပါတယ်။ DevOps Enginner တွေအနေနဲ့ မသိမဖြစ်သိနေရမဲ့ tool ထဲက တစ်ခုလို့တောင် ပြောလို့ရပါတယ်။ ပီးတော့ တစ်ခြား tools တွေနဲ့ ကွာခြားချက် တစ်ခုက သူက open source ဖြစ်နေလို့ ပါပဲ။
နောက်တစ်ခုက ကျွန်တော့ အမြင်အရ ကြည့်မယ်ဆို Installation လုပ်တာကနေ CI/CD pipeline တွေ setup လုပ်ရတာလည်း လွယ်ကူပါတယ်။ သူ့ UI ကလည်း user friendly ဖြစ်တယ်လို့ ခံစားရပါတယ်။ နောက်တစ်ချက် က တစ်ခြား tools တွေနဲ့ လည်း လွယ်လွယ်ကူကူ Integration လုပ်လို့ ရပါသေးတယ်။ Jenkins ကို CI/CD အဖြစ် ၂ ခုလုံး တွဲပီးသုံးလို့ရသလို၊ CI ( Continuous Integration ) အနေ နဲ့ ကော CD ( Continuous Delivery / Deployment ) သပ်သပ် အနေနဲ့ ပါ ခွဲပီး သုံးလို့ရပါသေးတယ်။
ကဲဒါဆိုရင် Installation လုပ်တဲ့ဘက်သွားကျရအောင်ပါ။ Install မလုပ်ခင်မှာ ကို့ ရဲ့ Instance type ကို ကို့ရဲ့ workload ပေါ်မှာ မူတည်ပီး ရွေးဖို့ အကြံပေးချင်ပါတယ်။ တင်ပီးတကယ် သုံးတော့မှ workload မမျှလို့ resource မနိုင်လို့ pipeline runing မဖြစ်ပဲ fail သွားတာမျိုး ကြုံဘူးလို့ပါ။ Jenkins ရဲ့ Official documentation အရဆို အခုလို ပြောထားတာ တွေ့ ရပါတယ်။
ဒီ tutorial မှာတော့ base OS က ubuntu 24.04 LTS ကို သုံးထားပါတယ်။ အရင်ဆုံး jenkins repo ကို သွင်းမှာပါ။ သွင်းပီးပီ ဆိုမှ jekins package ကို Install ပါမယ်။ ဒီနေရာ တစ်ခုပြောစရာရှိလာပါတယ်။ Jenkins မှာ LTS ( Long Time Support ) ရယ် Weekly support ရယ်ဆိုပီး နှစ်မျိုး ရှိပါ တယ်။ ဒီမှာတော့ LTS version 2.462.3 ကို သုံးထားပါတယ်။
- Jenkins repo adding
sudo wget -O /usr/share/keyrings/jenkins-keyring.asc https://pkg.jenkins.io/debian-stable/jenkins.io-2023.key
echo "deb [signed-by=/usr/share/keyrings/jenkins-keyring.asc]" https://pkg.jenkins.io/debian-stable binary/ | sudo tee /etc/apt/sources.list.d/jenkins.list > /dev/null
sudo apt-get update -y
sudo apt-get install jenkins -y

- Install JAVA on Ubuntu
Jenkins က java base application ဖြစ်တဲ့ အတွက် java ကိုလည်း installation လုပ်ပေးရပါမယ်။
sudo apt install fontconfig openjdk-17-jre -y

ပီးသွားရင် java version ကို စစ်ကြည့်ပါ။
java -version

- Jenkins service start and enable
sudo systemctl start jenkins
sudo systemctl enable jenkins
sudo systemctl status jenkins

- Unlock Jenkins using default password
sudo cat /var/lib/jenkins/secrets/initialAdminPassword


- Install suggested plugins

- Define username and password



Finally နောက်ဆုံးမှာတော့ ကျွန်တော် တို့ Jenkins server ကို အဆင်ပြေပြေ Install လုပ်လို့ရသွားပါပီ။

ဒီနေ့ tutorial ကိုတော့ ဒီနေရာလေးမှာပဲ ရပ်ထားလိုက်ပါမယ်။ နောက်ရက်တွေမှာတော့ Jenkins နဲ့ ပတ်သတ်ပီး ဘာတွေလုပ်လို့ရသေးလဲ ဆိုတာ ကိုထပ်ပီး sharing လုပ်ပေးပါမယ်။ Enjoy your learning ပါ။
Reference Link: Jenkins Install on Ubuntu




